စလော့ဂိမ်း ဆိုတာ ဘာလဲ??

စလော့ဂိမ်း (Slot Game )ဆိုတာ ကာစီနို (Casino) တွေနဲ့ အွန်လိုင်းဂိမ်းလောကမှာ အလွန်ရေပန်းစားလူကြိုက်များတဲ့ ကံစမ်းရတဲ့ ဖျော်ဖြေရေးဂိမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဂိမ်းထဲမှာပါတဲ့ အကွက်(Reels)တွေ ကို လည်စေပြီး ထွက်လာတဲ့ ရုပ်ပုံ ဒါမှမဟုတ် သင်္ကေတ (Symbols) လေးတွေ တူညီတဲ့ အရေအတွက်အတိုင်း လိုင်းတည့်သွားရင် ဆုကြေး ရရှိမယ့် ဂိမ်းဖြစ်ပါတယ်။ 

စလော့ဂိမ်းတွေဟာ တခြားဖဲဂိမ်း တွေလို တွက်ချက်ရတာမျိုး မဟုတ်ပဲ ကစားရအလွန်လွယ်ကူပါတယ်။ ကစားသူက မိမိကစားရမယ့် ကြေးပမာဏကို အရင် သတ်မှတ်ရပါတယ်။ ပြီးမှ Spin (သို့) လှည့်မည် ဆိုတာ ကို နှိပ်လိုက်ရုံပါပဲ အဲ့ဒီနောက် ပုံလေးတွေက လည်ပြီး ရပ်သွားတဲ့အခါ သတ်မှတ်လမ်းကြောင်းအလိုက် အနည်းဆုံး ၃ ခု ဒါမှမဟုတ် ၄ ခု တန်းစီ သွားရင် ဆုကြေး ပြန်လည် ရရှိမှာဖြစ်ပါတယ်။

ဟိုးအရင်ကဆိုရင်တော့ ကာစီနိုရုံတွေမှာ သံစက်ကြီးတွေနဲ့ လုပ်ထားတာဖြစ်ပြီး ဒင်္ဂါးပြားထည့်ပြီး ဘေးက လက်တံကြီးကို ဆွဲပြီး ကစားရတာမျိုးပါ။ အဲ့လို စက်ကြီးတွေကိုတော့ Classic Slot လို့ ခေါ်ပြီး ယေဘုယျအားဖြင့်တော့ သူ့အကွက်တွေမှာ ချယ်ရီသီး၊ လိမ္မော်သီး၊ ဖရဲသီး (သို့မဟုတ်) 777 / BAR စတဲ့ သင်္ကေတ တွေ သုံးလေ့ ရှိပါတယ်။

ဒီနေ့ အင်တာနက် ခေတ်ကြီးမှာ ဆိုရင်တော့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ ထဲကနေ ကစားနိုင်တဲ့ ဆော့၀ဲလ်ဂိမ်းတွေ ဖြစ်လာနေပါပြီ။ ရုပ်ထွက် အလန်းစားတွေနဲ့ ဖရီးစပင် ဘောနပ်တွေနဲ့ Golden MM မှာ ဆိုရင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။

စလော့ဂိမ်းများ လည်ပတ်ပုံ

စလော့ဂိမ်းတွေရဲ့ လည်ပတ်ပုံကို နားလည်ဖို့ဆိုရင် ဒီစကားလုံး ၂ လုံးကို သိထားမှရမယ်။

RNG (Random Number Generator)

စလော့ဂိမ်းများ အားလုံးရဲ့ နောက်ကွယ်မှာ RNG လို့ခေါ်တဲ့ Algorithm တစ်ခု ရှိတယ်။ သူက တစ်စက္ကန့်မှာ ကိန်းဂဏန်းသန်းပေါင်းများစွာကို ကျပန်း (Random) ထုတ်လုပ်ပေးနေတာ

“Spin” ခလုတ်ကို နှိပ်လိုက်သည့် မိုက်ခရိုစက္ကန့်ပိုင်းအတွင်းမှာပင် ရလဒ်က ထွက်ပြီးသား ဖြစ်တယ်။ ရှေ့တခေါက် ကစားထားသည့် ရလဒ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘူး။ အကြိမ်တိုင်းသည် ကျပန်းနိုင်ခြေသာ ဖြစ်သည်။
ပြီးရင် နောက် စကားလုံးက

RTP (Return to Player)

RTP ဆိုတာ ကစားသမားများ ထည့်သွင်းကစားလိုက်သည့် ပမာဏအပေါ် မူတည်၍ ရေရှည်မှာ ဂိမ်းက ရာခိုင်နှုန်း ဘယ်လောက်ကို ပြန်ပေးသလဲဆိုတဲ့ သတ်မှတ်ချက်ကို ပြောတာပါ။

ဥပမာ: စလော့ဂိမ်းတစ်ခု၏ RTP သည် 96% ဖြစ်ပါက၊ ကစားသမားများ စုစုပေါင်းထည့်ကစားငွေ ၁၀၀ ရှိတိုင်း ၉၆ ကို ဆုကြေးအဖြစ် ဂိမ်းက ပြန်လည်ခွဲဝေပေးမည်ဟု ဆိုလိုသည်။ 

ဗဟုသုတအနေဖြင့်ဖြစ်စေ၊ ကစားရန်အတွက်ဖြစ်စေ RTP ရာခိုင်နှုန်း မြင့်မားသော ဂိမ်းများ (96% နှင့်အထက်) ကို ရွေးချယ်ခြင်းက ပိုမိုသင့်လျော်သည်။

အကြံပြုချက်နှင့် သတိပြုရန်အချက်များ

စလော့ဂိမ်း ချစ်သူများအတွက် ကျနော်တို့ ဘက်ကနေပြီးတော့မှ စလော့ဂိမ်း ကစားတဲ့အခါမှ သတိပြုရန် အချက်များကိုရွေးချယ် ဖော်ပြပေးထားပါတယ်။

    1. အနိုင်ရရန် သေချာသော Formula မရှိခြင်း:

      စလော့ဂိမ်းများသည် RNG စနစ်ကို သုံးထားသဖြင့် “ဒီအချိန်ဆို ပေါက်တတ်တယ်” ဆိုသော အယူအဆများသည် မှားယွင်းတတ်ပါသည်။ 
      လှည့်ချက်တိုင်းသည် ကံစမ်းမဲနှိုက်သကဲ့သို့ ကျပန်းသာ ဖြစ်သည်။

    1. Volatility (အတက်အကျ နှုန်းထား) ကို နားလည်ပါ:

      High Volatility (အတက်အကျမြင့်) စလော့များသည် ဆုကြီးကြီးပေးတတ်သော်လည်း ပေါက်ခဲသည်။ ငွေအရင်းအနှီးများများ လိုအပ်သည်။
      Low Volatility (အတက်အကျနိမ့်) စလော့များသည် ဆုကြေးခဏခဏ ပေးတတ်သော်လည်း ဆုပမာဏ နည်းသည်။

    1. ဖျော်ဖြေရေးသက်သက်အဖြစ်သာ ရှုမြင်ရန်

      စလော့ဂိမ်းများကို စီးပွာဖြစ် သို့မဟုတ် ငွေရှာသည့် နည်းလမ်းတစ်ခုအဖြစ် ကစားတာမျိုးမဟုတ်ပဲ အပန်းဖြေချင်း၊  ဂိမ်းဆော့ခြင်းကဲ့သို့သော Entertainment (ဖျော်ဖြေရေး) တစ်ခုအဖြစ်သာ သတ်မှတ်ပြီး Golden MM မှာ မိမိမထိခိုက်နိုင်သော ပမာဏဖြင့်သာ စည်းကမ်းရှိရှိ ကစားသင့်သည်။